Monday, November 7, 2016

ကျိုက်ထို၌ မွန်အမျိုးသားပညာရေးကဏ္ဍ မူဝါဒပိုင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း ဆွေးနွေးပွဲပြုလုပ်


ကျိုက်ထို နိုဝင်ဘာ ၆
မွန်အမျိုးသားပညာရေး ကော်မတီ(ဗဟို)နှင့်ကျိုက်ထိုမြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်း၍ မွန်အမျိုးသား ပညာရေးကဏ္ဍမူဝါဒပိုင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့ ဝိဝေကာရာမမွန် ဘုန်တော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌနိုင်အောင်ဆန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မွန်အမျိုးသား ပညာရေးကော်မတီ(ဗဟို) မွန်စာပေသင်ရိုးညွှန်းတန်းနှင့် သုတေသနညှိနှိုင်းရေးမှူး ဦးမင်းအောင်ဇေမှ မွန်လူမျိုးအကြောင်းနှင့် မွန်စာပေနှင့် ယဉ်ကျေးမှုသမိုင်းကြောင်းကိုလည်းကောင်း ကော်မတီဝင်နိုင်အောင်ကျနှစ်မှ မွန်အမျိုးသားပညာရေးကော်မတီသည် မွန်လူမျိုးများ အရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်
အမျိုးသားလက္ခဏာ မပျောက်မပျက် ထိန်းသိမ်းရန် မိခင်ဘာသာစကား အခြေပြု ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ(၄၅)နှစ်ရှိပြီဖြစ်ကြောင်းကိုလည်းကောင်း ကော်မတီဝင်နိုင်အိုက်ကွန်းမှ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မွန်လူမှုအဖွဲ့အစည်းနှင့် အရည်အသွေးရှိသော ပညာရေးမှတစ်ဆင့် အရည်အချင်းရှိသော မွန်လူမျိုး တစ်ရပ်ဖြစ်ပေါ်စေရန် မွန်အမျိုးသားပညာရေးနှီးနှောဖလှယ်ပွဲကိုလည်း ၂၀၁၆ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်ရှိသည့်အတွက် မွန်လူမျိုးများထံမှ လိုအပ်သည့် အကြံဥာဏ်များရယူရန် ဆွေးနွေးစေလိုကြောင်း အသီးသီး ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် မွန်တိုင်းရင်းသူတိုင်းရင်းသားများမှ ပညာရေးဖွံ့ဖြိုးတိုးတက်စေမည့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်ထို (ပြန်/ဆက်)

No comments:

Post a Comment