Tuesday, November 22, 2016

ထီးလင်း၌ မျိုးသန့်၊ မျိုးပွါးစပါးခင်းတွင် စံကွက်ရိတ်သိမ်း

ထီးလင်း နိုဝင်ဘာ ၂၂
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် သရခါရွာ ကွင်းအမှတ် ၂၂၄ တွင် မျိုးသန့်၊ မျိုးပွါးအတွက် စိုက်ပျိုးထားသည့် တောင်သူ ဦးရာမော်၏ လယ်မြေ၌ နိုဝင်ဘာ ၁၉ ရက်က စပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း တင်း ၁၂၀ ထွက်ရှိကြောင်း သိရသည်။

အဆိုပါ ဆင်းသုခစပါးမျိုးသည် ထီးလင်းမြို့နယ် လယ်မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်အတွက် လာမည့် နှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စပါးစံကွက် ရိတ်သိမ်းပွဲသို့ မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှူး ဦးခင်ဦး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက် အားပေး ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment