Tuesday, November 22, 2016

ခရမ်းချဉ်သီးများဈေးကောင်း၍ မကျီးသီးစိမ်းများအရောင်းသွက်

ပွင့်ဖြူ  နိုဝင်ဘာ   ၂၁
မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းဦးရာသီ၊ ခရမ်းချဉ်များ စိုက်ပျိုးနေချိန်၌ ခရမ်းချဉ်သီးများ ဈေးကောင်းပေး ၀ယ်စားနေရသဖြင့် ဒေသထွက် မကျီးသီးစိမ်းများ အရောင်းသွက်လျက်ရှိသည်။

တိုင်ထောင်(ထိုင်ဝမ်)ခရမ်းချဉ်ကို ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်း အနီးဝန်းကျင် ကိုင်းမြေနှင့် ယာမြေများတွင် အောက်တိုဘာလမှစ၍ စတင်စိုက်ပျိုးလျက်ရှိရာ နိုဝင်ဘာလတွင် အပင်များ ဖြစ်ထွန်းအောင်မြင်လျက် ရှိသော် လည်း ဆောင်းဦးရာသီအ၀င် မြူမှုန်းများ(နှင်းခါး)များ ကျရောက်သဖြင့် အပင်ထိပ် ပိုင်းအရွက်/အညွှန့်များ ထွတ်ကာ အဖူး/အပွင့်များ ကြွေကျ၍ အသီးမသီးဘဲ၊ ပြပိုးများ ကျရောက်နေလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် အခြားမြို့များမှ တင်ပို့ရောင်းချလျက်ရှိသော ခရမ်းချဉ်တစ်ပိဿာကို (၂၀၀၀)ကျပ်ထိ ၀ယ်ယူ စားသုံးနေရသည်။ ရာသီပေါ် ဒေသထွက် မကျီးသီးစိမ်းအနု တစ်ပိဿာကို (၁၆၀၀)ကျပ်၊ အရင့်တစ်ပိဿာကို (၇၀၀)ကျပ်ဖြင့် ရောင်းချနေလျက်ရှိရာ ခရမ်းချဉ်သီး ဈေးကောင်းနေချိန်တွင် မကျီးသီးအရင့်ကို ပြုတ်၍ အရည်ငင်းကာ ချက်ပြုတ် စားသောက်လျက်ရှိကြသည်။ မကျီးသီးစိမ်းအနုကို ငပိဖြင့် ထောင်း၍ ကြော်စား/ချက်စား နှစ်သက်သလို မျိုးစုံ ချက်ပြုတ်စားသောက်လျက်ရှိရာ မကျီးသီးစိမ်းရောင်းသူများ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပွင့်ဖြူ (ပြန်/ဆက်)

No comments:

Post a Comment