Tuesday, November 15, 2016

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်


ဒီးမော့ဆို         နိုဝင်ဘာ ၁၅
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မီးဘေးလုံခြုံရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် လူမူရေးအသင်းအဖွဲ့တို့ ပူးပေါင်းကာ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုဝင်ဘာ ၁၅ ရက် နံနက် ၉ နာရီအချိန်က ဒီးမော့ဆို မြို့ မြို့မဈေး၌ ဆောင်ရွက်သည်။

ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြ မီးငြိမ်းသတ်နည်းများ၊ မီးလောင်မှုဖြစ်ပွားပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦး သူနာပြုစု နည်းများကို တပ်ဖွဲ့ဝင်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသည်ယာဉ် တစ်စီးနှင့် လူနာတင်ယာဉ် နှစ်စီး တို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးဘေးလုံခြုံရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်သဲသင်ယူ လေ့လာရေးသင်တန်းကျောင်းမှ သင်တန်းသားများ၊ ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ ကြည့်ရှုအားပေးကြကြောင်း သိရသည်။


မြို့နယ် ပြန်/ဆက်

No comments:

Post a Comment