Wednesday, November 2, 2016

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ငွေကျပ် ၁၅ သိန်းအား ဘီးလင်းမြို့နယ်အလူးကျေးရွာ မူကြို ကျောင်းရှေ့ တံတား ပြုပြင်ရန် ထောက်ပံ့ငွေ ပေးအပ်


ဘီးလင်း နိုဝင်ဘာ ၂
မြန်မာနိုင်ငံ  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ   ဘီးလင်းမြို့နယ်  အလူးကျေးရွာ   မူကြိုကျောင်းရှေ့  တံတားပြုပြင်ရန်အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို  နိုဝင်ဘာ  ၂   ရက် နံနက်  ၁၀  နာရီက  ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းဝေးခန်းမ၌   ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဠ ဒေါ်ကြူကြူလင်းမှ ကျောင်းရှေ့တံတားပြုပြင်ရန် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဠက ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို အလူးကျေးရွာ မူကြိုကျောင်း ကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment