Wednesday, November 2, 2016

မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ် လက်ဝယ်ထားရှိသူအား ဖမ်းမိ


ဗန်းမောက်  နိုဝင်ဘာ  ၂
စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ဗန်းမောက်မြို့နယ် နန့်မာကျေးရွာအုပ်စု တုံးပုံကျေးရွာတွင် မူးယစ်ဆေးဝါး သတင်းအရ မံစီကြီးနယ်မြေရဲကင်းမှ ရဲအုပ်မောင်ဇော်ဦးစီးတပ်ဖွဲ့ဝင်များနှင့် ရပ်မိ၊ရပ်ဖများက နိုဝင်ဘာ  ၂  ရက် နံနက်  ၂  နာရီခွဲတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။


ထို့နောက် နန့်မားကျေးရွာအုပ်စု တုံးပုံကျေးရွာနေ ဉာဏ်ဝင်း(ဘ)ဦးဝင်းဖေနေအိမ်အား ပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှာဖွေစဉ် ဉာဏ်ဝင်းအား နေအိမ်မီးဖိုချောင်တွင် တူမီးသေနတ်ကိုင်ဆောင်လျက်တွေ့ရှိ၍ ဖမ်းဆီးပြီး ဆက်လက်ရှာဖွေရာ ဘိန်းဆပ်ပြာခွက် ၄ ခွက် အလေးချိန် ၄၂ ဂရမ် ကာလတန်ဘိုး  ၄၂  သိန်း၊ WY  စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား  ၁၁၈၀  ပြား ကာလ တန်ဖိုး ၅၉သိန်း စုစုပေါင်း ၁၀၁ သိန်းဖိုး တွေ့ရှိသဖြင့် သိမ်းဆီးပြီး မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်လက်ဝယ်ထားရှိသူ ဉာဏ်ဝင်းအား မံစီကြီးနယ်မြေရဲကင်းစခန်း ရဲအုပ်မောင်ဇော်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မံစီကြီးရဲစခန်းမှ (ပ) ၃၅/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဗန်းမောက် (ပြန်/ဆက်)

No comments:

Post a Comment