မောင်တော နိုဝင်ဘာ
၁၆
မောင်တောမြို့နယ်
သရက်အုပ်ကျေးရွာမှ လူငါးဦးပါ အိမ်ထောင်စုတစ်စုသည် ကြောက်ရွံ့ထိတ် လန့်မှုကြောင့် နေ ရပ်မှ
ခေတ္တစွန့်ခွာ လာရာ မောင်တောမြို့နယ် သာသနာ့ဗိမာန်တော်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိလာသည်။
မောင်တောမြို့နေ
ကိုဝင်းသိန်းက “အခုညနေ သရက်အုပ်က နေရပ်ကို စွန့်ခွာလာတဲ့ အိမ်ထောင်စု တစ်စုကို ကျွန်တော်တို့
မောင်တောမြို့နယ် သာသနာ့ ဗိမာန်တော် မှာ နေရာချပေးထားပါတယ်။ သူတို့က ကျွန်တော်တို့
တိုင်းရင်းသားတွေပါ။ ဖားဝပ်ချောင်းက လာတဲ့ကားတစ်စီးကတော့ ဘူးသီးတောင်အထိ ဆက်တက်သွားတယ်။
သူတို့လည်း ကြောက်လို့ နေရပ်စွန့်ခွာလာတာလို့ ပြောပါတယ်။ အိမ်ထောင်စုဝင် အရေအတွက်တော့
မသိလိုက်ပါဘူး။ ” ဟုပြောသည်။
သရက်အုပ် ကျေးရွာမှ
ခေတ္တတိမ်းရှောင်လာသူ ဒေါ်ဖြူယိုင်စိန်က “ကျွန်မတို့က သရက်အုပ်က ထွက်လာတာပါ။ အားလုံး ငါးယောက်ပါ။ ဟိုမှာ ယောက်ျားနဲ့သားမက် ကျန်ခဲ့ပါတယ်။
သရက်အုပ်က ဆေးမှူး ကားနဲ့အကူအညီတောင်ပြီး လိုက်လာတာပါ။ လုံခြုံရေးကားတွေ့လို့ သူတို့ရဲ့ကားနောက်က
ခွင့်တောင်းပြီး လိုက်ခဲ့တာပါ။ ကျန်တဲ့သူတွေလည်း စိုးရိမ်နေကြပါတယ်။ ကူညီမယ့်သူမရှိလို့ပါ။
နေ့ရောညရော မအိပ်ရဲပါဘူး။ ကောင်းကောင်းလဲ မစားနိုင်ပါဘူး။ ယောက်ျားနဲ့ သားမက် ကျန်ခဲ့တာက
ဟိုမှာရှိနေတဲ့ ပစ္စည်းတွေ၊ အိမ်တွေကို စောင့်ရှောက်ဖို့ပါ။ ရွာမှာ တိုင်းရင်းသားလူဦးရေက
၃၅ ယောက် ရှိပါသေးတယ်။ သူတို့တွေလည်း လာချင်နေပါတယ်။ တိုက်ပွဲဖြစ်နေတော့ ကြောက်လို့ပါ။
လုံခြုံရေးလည်း မရှိပါဘူး။ ဘယ်မှာ ဖြစ်နေတာ လဲဆိုတော့ ဂွဆုံကျေးရွာမှာပါ။ လုံခြုံရေးချပေးရင်တော့
ပြန်နေချင်ပါတယ် ” ဟုပြောသည်။
သရက်အုပ်ကျေးရွာမှ
ခေတ္တတိမ်းရှောင်လာသူ ဒေါ်ဖြူယိုင်စိန်တို့မိသားစုတွင် ကလေးငယ်သုံးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကာ
သရက်အုပ်ကျေးရွာတွင် ကျန်ရှိနေသည့် တိုင်းရင်းသားများသည်လည်း လုံခြုံရေး ပေးနိုင်မည့်
အချိန်ကို စောင့်နေကြကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment