Sunday, November 13, 2016

မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထိတွေ့ တိုက်ပွဲဖြစ်

နေပြည်တော် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မယင်းတောင်ကျေးရွာ၊ ပွင့်ဖြူချောင်းကျေးရွာနှင့် ဂွဆုံကျေးရွာများ အနီး၌ နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်။


ယနေ့ နံနက် ၉ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာသို့ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် ကျေးရွာအတွင်း မီးလောင်ကျွမ်း လျက်ရှိသည့် အိမ်ခြေ ၅၀ လုံးအားတွေ့ရှိရပြီး ဓားရှည်ကိုယ်စီ ကိုင်ဆောင် ထားသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၇ ဦးခန့်က တိုက်ခိုက်ရန်ပြေးထွက် လာသဖြင့် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၆ ဦးကို အသေ ဖမ်းဆီးရမိခဲ့ သည်။

ထို့အတူ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒါးကြီးဇားတောင်ရွာသို့ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိ ရှင်းလင်းစဉ် ကျေးရွာအတွင်းမှ တုတ်၊ ဓားများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂၀ ဦးခန့်က တိုက်ခိုက်ရန်ပြေးထွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၉ ဦးအား အသေ ဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာနှင့် ဒါးကြီးဇားကျေးရွာ ၀န်းကျင်အား အသေးစိတ် ဆက်လက် ရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အလောင်း ၃ လောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment