Wednesday, November 9, 2016

ဝါးခယ်မတွင် ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူလယ်သမားများအတွက် ဘဏ်ချေးငွေထုတ်ချေးလျက်ရှိ

ဝါးခယ်မ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ်အတွင်းရှိ  ဆောင်းသီးနှံ စိုက်ပျိုးသော  တောင်သူ လယ်သမားများအတွက် စိုက်ပျိုးစရိတ်  ဘဏ်ချေးငွေကို  စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ ပဲတစ်ဧကလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၀ါးခယ်မဘဏ်ခွဲမှ မြို့နယ် မန်နေဂျာ ဦးကျော်ဆွေနှင့် ၀န်ထမ်းများက ဘဏ်ချေးငွေ ညွှန်ကြားချက်များနှင့်အညီ စီစစ်ပြီး  ချေးငွေများကို ထုတ်ချေးပေးလျက် ရှိသည်။

ဝါးခယ်မမြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးမည့် စုစုပေါင်းကျေးရွာအုပ်စု ၁၂၁ အုပ်စု၊ တောင်သူဦးရေ ၂၀၅၀၀ ဦး၏ စပါးစိုက်ပျိုးဧက ၈၉၀၀၀ ဧက၊ ပဲစိုက်ပျိုးဧက ၁၅၀၀၀ ဧကအတွက် ဘဏ်ချေးငွေကျပ် ၁၃၆၅၀၀ သိန်းကို ထုတ်ချေးနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၀ါးခယ်မဘဏ်ခွဲမှ စီစဉ် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အဆိုပါ ဘဏ်ချေးငွေ ထုတ်ချေးမှုကို အောက်တိုဘာလ ၂၇ ရက်မှစကာ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ အစုအဖွဲ့ ၁၂၃၁ စု၊ တောင်သူဦးရေ ၃၄၆၀ ဦး၏ စပါးစိုက်ပျိုးဧက ၁၇၇၆၆ ဧက၊ ပဲစိုက်ပျိုးဧက ၆၃ ဧကအတွက် ဘဏ်ချေးငွေကျပ် ၂၆၆၆၁၆၀၀၀၀ ကျပ်အား ထုတ်ချေးပြီး ဖြစ်ကြောင်း၊ ယနေ့တွင် ဂန်ချောင်း၊ ငှက်ကျ၊ အူကျွန်းကျေးရွာအုပ်စုများမှ တောင်သူလယ်သမားများအတွက် ဘဏ်ချေးငွေကို ထုတ်ချေးပေးလျက် ရှိကြောင်း  သတင်းရရှိသည်။


မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment