Wednesday, November 9, 2016

သစ်ခွပန်းခြောက် အိုးစီးကွင်း အလှဆင်ခြင်း အိမ်တွင်းမှုပညာဖြင့် ၀င်ငွေကောင်း

ကျောက်ဆည် နိုဝင်ဘာ   
မိသားစုတစ်စုတွင်စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်နေ့ဝင်ငွေရရှိရေးကို အတက်ပညာအမျိုးမျိုးဖြင့် ရှာဖွေလုပ်ကိုင်ကြရာတွင် အိမ်တွင်းမှု ပညာသည်လည်း တစ်ခုအပါအ၀င်ဖြစ်သောကြောင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ၀န်ထမ်းလိုင်းတစ်ခုတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက်
တရုတ်နိုင်ငံမှ တင်သွင်းသော သစ်ခွပန်းခြောက်မျိုးစုံကို အလှပန်းအိုးများတွင် ထည့်၍ စီးကွင့်အလှဆင်ခြင်း လုပ်ကိုင်နေသော ဦးစိုးမိုးကျော်အား အောက်တိုဘာလ(၉)ရက် နံနက်(၈)နာရီက ပန်းအလှဆင်ခြင်း လုပ်ကိုင်နေသည်ကို တွေ့ရသည်။
လူသားတိုင်းတွင်အလှအပကိုတပ်မက်မောကြသည့်အနက်မှ မိမိနေအိမ်  ဘုရားခန်း၊ ဧည့်ခန်းစသည်တို့ တွင်ပန်းအိုးများ ထားရှိခြင်း ကြောင့်သစ်ခွပန်းခြောက်အလှဆင်ရာတွင် သစ်ခွပန်း(၅)  ခက်ပါတစ်ပင်လျှင်(၂၅၀၀) ကျပ်၊ အလှပန်းအိုးတစ်လုံးလျှင်(၃၀၀)ကျပ်၊ စီးကွင့်အကြီး(၆၀)ခု (၉၀၀)ကျပ်၊ စုစုပေါင်း    တန်ဘိုးငွေ(၄၅၀၀)ကျပ် ကုန်ကျရာဖောက်သည်ဈေး ပန်းတစ်အိုးလျှင်(၅၀၀၀)ကျပ် လစ်လီရောင်းဈေး(၅၅၀၀)ကျပ်ဖြင့် ပျမ်းမျှတစ်နေ့အလုံး (၃၀)ပြီးရာ အမြတ်ငွေ(၂၅၀၀၀)ကျပ်ရရှိကြောင်းနှင့် ချောင်းသာကမ်းခြေမှ ထွက်ရှိသော ပင်လယ်ခရုမျိုးစုံကို ငှက်ရုပ် ပန်းအိုး၊ ငါး၊ လိပ်ပုံစံအမျိုးမျိုးပါပြုလုပ်ရောင်းချလျက်ရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေကောင်းမွန်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment