Wednesday, November 9, 2016

လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူး(မွမ်းမံ) သင်တန်း ဖွင့်လှစ်

ဒီးမော့ဆို နိုဝင်ဘာ            ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေဖြင့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စည်းရုံးရေးမှူး(မွမ်းမံ) သင်တန်းကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီအချိန်က ဒီးမော့ဆိုမြို့ နှစ်ခြင်းအသင်းတော် ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း cluster leader ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မင်းထွန်းက အမှာစကားပြောကြားသည်။




အဆိုပါသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းဝန်ထမ်းများနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့များက လူထုဗဟိုပြုစီမံကိန်း၏ လုပ်ထုံးလုပ်နည်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူထုစည်းရုံးရေးမှူးနှင့် လက်ထောက် နည်းပညာမှူး ၃၅ ဦးကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၉ ရက်မှ ၂၀ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြို့နယ် ပြန်/ဆက်

No comments:

Post a Comment