Friday, November 4, 2016

ကနီ-မင်းကင်းသွားလမ်းပိုင်းမှ သုံးမိုင် နှစ်ဖာလုံအား ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်


ကနီ  နိုဝင်ဘာ  ၎
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် လမ်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကနီ-မင်းကင်း လမ်းအပိုင်းတွင် ကနီမြို့အ၀င် မိုင်တိုင်အမှတ် ၀/၀မှ ၃/၂မိုင်အထိ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများကို အောက်တိုဘာလဆန်းမှ မြို့နယ်လမ်းဦးစီးဌာနက ကျောက်စီခြင်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ယခုကတ္တရာ လောင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 ‘‘ကျွန်တော်တို့ လမ်းဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကနီမြို့နယ်အတွင်း ကျောက်ချောလမ်း ခင်းခြင်း၊ တံတားအသစ်များဆောက်လုပ်ခြင်း ပြုပြင်ခြင်း၊ ကတ္တရာလမ်း ပြင်ထိန်း လုပ်ငန်းများနှင့် လမ်းအသစ် ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အခုဒီ ကနီ-မင်ကင်းလမ်းအပိုင်းမှ အရှည် ၃ မိုင်၂ ဖာလုံကို လမ်းအကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကတ္တရာလမ်းအသစ်ကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၉၂.၃၅ သန်းဖြင့် ဆောင်ရွက် လျက်ရှိပြီး ကျောက်စီခြင်းနှင့် ကတ္တရာလောင်းခြင်းများ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်" ဟု မြို့နယ်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြို့နယ်၊ ပြန်/ဆက်

No comments:

Post a Comment