Friday, November 4, 2016

ဧရာဝတီမြစ်အတွင်းသွားလာနေသော ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်တွေ့ သရုပ်ပြသခြင်း များ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်


မန္တလေး နိုဝင်ဘာ  ၎
ဧရာဝတီမြစ်အတွင်း ခရီးသည်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ မှုခင်းများ လျော့နည်းရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးတို့အတွက် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)နှင့် မူးယစ်တပ်ဖွဲ့စု (၁၇)တို့မှ အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၄)ရက်နေ့ ညနေ (၂)နာရီက ဂေါဝိန် ဆိပ်ကမ်း ရှိ ပဒုမ္မာရေယာဉ်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင်         ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုတိယရဲမှူး ခင်မောင်လွင်၊ ဒုတိယရဲမှူး မင်းအေးနိုင်ဦးနှင့် ဒုတိယရဲမှူး စိုးအောင်တို့က မြစ်ကြောင်းအတွင်း သွားလာနေသည့် ခရီးသည်တင် ရေယာဉ်များ ကြံ့ခိုင်မှုရှိရေး၊ ရေယာဉ်ခရီးသည်များ အန္တရာယ်ကင်းရေးအတွက် လိုအပ်သည့် အသုံးအဆောင်များ အပြည့်အ၀ ထားရှိရေး၊ ရေယာဉ်များ၏ သတ်မှတ်အလေးချိန်နှင့် ခရီးသည်အရေအတွက်သာ တင်ဆောင်ရေး၊ ရေယာဉ်များ မီးဘေးအန္တရာယ်ကင်းရှင်းတို့ကို အပြည့်အ၀ လိုက်နာဆောင်ရွက်ရေးနှင့် မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုး ရေး၊ နယ်မြေလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်များဆောင်ရွက်နေမှုများကို ရှင်းလင်းဟောပြောသည်။
ထို့နောက် မူးယစ်တပ်ဖွဲ့စု (၁၇)မှ ဒုတိယရဲမှူး လှလွင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် မှုခင်းများကို ရှင်းလင်းဟောပြောခဲ့ပြီး ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ တပ်ဖွဲ့ဝင်များသည် ခရီးသည်များ အသက်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment