Thursday, November 17, 2016

Alms- offering ceremony held in Sittwe


 November 17
 A traditional alms-offering ceremony was held at the wards of Ye New Su and Magyi Myaing in Sittwe Township on 1st waning day of Tazaungmone (November 15).

About 200 Buddhist Monks and nuns from respective monasteries and nunneries in Sittwe Township received alms along May Yu street, Kyaungyi street, Magyi Myaing street . Donors offered alms, soft-drinks and purified drinking water bottles.

“In this ward, it is a tradition. We are very pleased to get merit. This ceremony was organized by young people in this ward.They reminded us about the ceremony around the ward by loudspeaker before the full moon day of Tazaungmone. We have cooked food and curries which will be offered to monks on the night of full moon of Tazaungmone. Some people collected offerings  in advance and they offered those items to the monks on 1st waning day of Tazaungmone” said Daw Mya Nu from Ye New Su ward in Sittwe Township.

The ceremony has been held annually since 2000 and this year is the 16 time.

စစ်တွေမြို့ ရပ်ကွက်များတွင် စဉ်လာမပျက်ပိဏ္ဍပါတ်ဆွမ်းလောင်းလှူ
စစ်တွေ နိုဝင်ဘာ ၁၆
စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်နှင့် မကျည်း မြိုင်ရပ်ကွက်များ စုပေါင်းပြုလုပ်သော စဉ်လာမပျက် ပိဏ္ဍပါတ်ဆွမ်းလောင်း လှူပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၁၅ ရက်)အရုဏ် တက်ချိန်မှ စတင်ကာပြုလုပ်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ် ကျောင်းတိုက်အသီးသီးမှ ရဟန်းသာမဏေ ၂ဝဝ ခန့်၊ သီလရှင်များသည် ရဲနွယ်စု ရပ်ကွက်မှ စတင်ကာ မေယုလမ်း၊ ကျောင်းကြီးလမ်း၊ မကျည်းမြိုင်လမ်းမအတိုင်း ဆွမ်းခံကြွ တော်မူကြရာ လမ်းတစ်လျှောက်ရှိ အလှူရှင်များက ဆွမ်း၊ ခဲဘွယ်များ၊ အချိုရည်နှင့် ရေသန့်ဘူးများ လောင်းလှူ ကြသည်။
''ဒီရပ်ကွက်မှာ ခုလိုပိဏ္ဍပါတ်ဆွမ်း လောင်းလှူတာ အစဉ်အလာဖြစ်နေပါပြီ။ အလွန်ပျော်ဖို့ ကောင်း သလို ကုသိုလ်လည်း ရပါတယ်။ ရပ်ကွက်ကလူငယ်၊ လူလတ်တွေကစုပြီး တန်ဆောင်မုန်း လပြည့် မတိုင်မီ စီစဉ်ကြတယ်။
အသံချဲ့ စက်တွေနဲ့လှည့်လည်ပြီး နှိုးဆော်ကြတယ်။ တန်ဆောင်မုန်း လပြည့်ညမှာ ရပ်ကွက်တွေမှာ အဖွဲ့လိုက် စုပေါင်းလို့ ဖြစ်ဖြစ်၊ မိမိအိမ်မှာဖြစ်ဖြစ် ဆွမ်းနဲ့ဟင်းတွေကိုချက်ကြတယ်။ အချို့ ဆိုရင် လှူမယ့်ပစ္စည်းတွေကို စုဆောင်း ကြတယ်၊ လပြည့်ကျော်တစ်ရက်နေ့ အရုဏ်တက်မှာ သံဃာတော် တွေကို လောင်းလှူကြပါတယ်'' ဟု စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်မှ ဒေါ်မြနုက ပြောသည်။
အဆိုပါ ပဏ္ဍိပါတ်ဆွမ်းလောင်း လှူပွဲတော်ကို ၂ဝဝဝ ပြည့်နှစ်မှစတင် ကာ ပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၁၆)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ် တန်ဆောင်တိုင်ပွဲတော်၏ တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက် နေ့အရုဏ်တက်အချိန်တွင် လောင်းလှူကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုကြီးစော

No comments:

Post a Comment