Monday, November 21, 2016

စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

မော်လမြိုင်၊နိုဝင်ဘာ ၂၀
စာရေးဆရာ တက္ကသိုလ်မင်းကျော်သူ ရေးသားထုတ်ဝေသော “ရင်ဘတ်ကြီးကို တည့်တည့်ထိတယ်” ရသ၊ ဓမ္မ၊ ဒဿန ဆောင်းပါးများ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ရုံးကြီး လမ်းရှိ ဆရာဝန်များ အသင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာ တက္ကသိုလ်မင်းကျော်သူက စာအုပ်ဖြစ်မြောက်လာရခြင်း အကြောင်းအရင်း နှင့်ပက်သက်သော ရင်တွင်းဖြစ်စကားများကို ပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်လှူဒါန်းပွဲကိုကျင်းပရာ တက္ကသိုလ် မင်းကျော်သူ ရေးသားထုတ်ဝေသော  “ရင်ဘတ်ကြီးကို တည့်တည့်ထိတယ်” စာအုပ်ကို မော်လမြိုင်ခရိုင် အတွင်းရှိ ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ် (၂၀၀) အုပ်၊ အခြေခံပညာ အထက်တန်းကျောင်းများအတွက် စာအုပ် (၁၄၀) ကျော်အပြင် အခြားစာကြည့်တိုက်များကိုလည်း ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူပြီး တက်ရောက်လာသူများအားလည်း  စာအုပ် လက်ဆောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

(မော်လမြိုင်၊ ခရိုင် ပြန်/ဆက်)

No comments:

Post a Comment