Sunday, November 6, 2016

တန်ဆောင်တိုင်အကြို နိဗ္ဗာန်ဈေးပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲ ကျင်းပ

ကျိန္တလီ နိုဝင်ဘာ - ၆
ကျိန္တလီမြို့တွင် တန်းဆောင်တိုင်အကြို နိဗ္ဗာန်ဈေးပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲကို နိုဝင်ဘာလ (၅) ရက်နေ့ ညနေ (၆) နာရီအချိန် အမှတ်(၃) ရပ်ကွက် ၊ သီရိမင်္ဂလာမဟာဝိဟာရ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်နှင့် သီချင်းဆိုပြိုင်ပွဲကို ဂေါပကအဖွဲ့မှ ဦးဆောင်ကျင်းပ၍ လူငယ်များ အတွက်ပျော်ပွဲရွှင်ပွဲ အဖြစ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက နှစ်စဉ်နှစ်တိုင်းကျင်းပ ဖြစ်ပါကြောင်း၊ ပွဲတော်ရက်အကြို ကလေးသူငယ်များအတွက် ဘုရားကျောင်းကန်သွားရင်း ပျော်ပွဲရွှင်ပွဲနှင့်အတူ ဈေးတန်း မုန့်စားလက်မှတ်ကိုပါ အခမဲ့ ဖြန့်ဝေပေးထားပါကြောင်း၊ မည်သူမဆို လာရောက်အခမဲ့ လက်မှတ်များဖြင့် စားသောက်နိုင်ကြောင်း၊ ပြောကြားခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ (၆) ရက်နေ့တွင် ဆုရရှိသူများ အသီးသီး ဆုချီးမြှင့်ပေးသွားမည့် ဖြစ်ကြောင်း သတင်းရရှိသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment