Tuesday, November 1, 2016

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် သေနတ် ၁ လက်သိမ်းဆည်းရမိ


နေပြည်တော် နိုဝင်ဘာ  
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲ့တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယနေ့မွန်းလွဲပိုင်းတွင် သက္ကယ်ပြင် ရွာနှင့်ဝါးပိတ်ရွာကြား စပါးခင်းအတွင်းမှ အမ်အေ-၁၁ သေနတ် ၁ လက်၊ ၄င်းကျည်အိမ် ၁ ခု၊ ၄င်းကျည် ၂၀ စောင့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသော သေနတ်မှာ အကြမ်းဖက်စီးနင်း တိုက်ခိုက် သူများ ယူဆောင်သွားခဲ့သည့် သေနတ်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment