Thursday, November 17, 2016

တိုင်းရင်းဆေးဖြင့်ကျန်းမားရေးစောင့်ရှောက်မှု ကွင်းဆင်းကုသ

ရမည်းသင်း၊ နိုဝင်ဘာ ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ရမည်းသင်းခရိုင် (၂၅) ကုတင်ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေး အခမဲ့ကုသပေးခြင်းကို နိုဝင်ဘာ (၁၆) ရက် မွန်းလွဲ (၁) နာရီက သီလ၀ (၂) ရပ်ကွက် ရာအိမ်မှူး ဦးဝင်းမြင့်နေအိမ်တွင် အခမဲ့ ကွင်းဆင်း ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းခရိုင် တိုင်းရင်းဆေးရုံတာဝန်ခံ ဒုတိုင်းရင်းဆေးမှူး ဒေါ်အေးအေးမှ ပြည်သူများအား ရာသီ အလိုက် ဖြစ်ပွားတတ်သောရောဂါများကို ကာကွယ်စောင့်ရှောက်မှုများ၊ အာဟာရဖြင့် ကျန်းမာအောင် နေထိုင်မှုများကို ရှင်းလင်းပြောကြားပြီး ဆေးကုသရန် လာရောက်သည့် ပြည်သူများအား သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မူးဝေ၊ လေးဘက်နာရောဂါ၊ ဒူးနာခါးနာနှင့် အထွေထွေ ရောဂါတို့ကို ဒုတိုင်းရင်းဆေးမှူး ဒေါ်အေးအေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဌေးတို့မှ စမ်းသပ်ကာ တိုင်းရင်း ဆေးဝါးများ အခမဲ့ကုသပေးပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် မိုးကုတ် ၀ိပဿနာတရားစခန်း တွင် တိုင်းရင်းဆေး ကုသပေးသွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


(ခရိုင်ပြန်/ဆက်) ရမည်းသင်း

No comments:

Post a Comment