Tuesday, November 22, 2016

မြင်းခြံမြို့တွင် ရဲတပ်သားသစ် သင်တန်းဖွင့်

မြင်းခြံ ၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ခရိုင်ရဲရိပ်သာခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲတပ်သားသစ်သင်တန်း အမှတ်စဉ် (၂၂၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၁) ရက် ၊ နံနက် (၉) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

ရဲတပ်သားသစ်သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းမှ သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် သင်တန်းသား ရဲတပ်သားသစ်များအနေဖြင့် သင်တန်းတွင် ကြိုးကြိုးစားစား သင်ယူလေ့ကျင့်ကြ စေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ အဆိုပါ ရဲတပ်သားသစ်သင်တန်းတွင် သင်တန်းသား (၇၃) ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ (၂၁.၁၁.၂၀၁၆) ရက်နေ့မှ (၁၁.၃.၂၀၁၇) ရက်နေ့အထိ ရက်သတ္တပတ် (၁၆) ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရဲတပ်သားသစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်း၊ မြင်းခြံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအုန်းသွင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များမှ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် အရာရှိများ ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

(မြင်းခြံ၊ ပြန်/ဆက်)

No comments:

Post a Comment