Wednesday, November 2, 2016

ဒိုက်​ဦး တန်​​ဆောင်​တိုင်​ပွဲ​တော်​ ယခင်​နှစ်​များထက်​ ပိုမိုစည်​ကားစွာ ကျင်းပမည်

ဒိုက်ဦး နိုဝင်ဘာ ၂
ဝါလကင်းလွတ်​သီတင်းကျွတ်​ပြီးသည်​နှင့်​ တန်​​ဆောင်​မုန်းလ​ရောက်​ရှိ​လေတိုင်း ဒိုက်​ဦးမြို့၌ ကျင်းပ​သော ပွဲ​တော်​များအနက်​ မြို့ကျက်​သ​ရေ​ဆောင်တန်​​ဆောင်​တိုင်​ နှစ်​ကျိပ်​ရှစ်​ဆူ ဘုရားလှည့်​လည်​ပူ​ဇော်​ပွဲနှင့် ရတနာတ္တရ ပူ​ဇော်​ပွဲကြီးမှာ အထူးထင်​ရှား​သော ပွဲ​တော်​ကြီး ဖြစ်​ပါသည်​။

တန်​​ဆောင်​တိုင်​ပွဲ​တော်​ကြီးကို အစဉ်​အလာမပျက်​ ကျင်းပခဲ့သည်​မှာ ယခုနှစ်​ဆိုလျှင်​ (၉၄)ကြိမ်​​မြောက်​တိုင်​ခဲ့ပါသည်​။
ယခုနှစ်​တန်​​ဆောင်​တိုင်​ပွဲ​တော်​ကြီးကို နိုဝင်​ဘာလ(၁၁)ရက် ​(၁၃၇၈-ခုတန်​​ဆောင်​မုန်းလဆန်း(၁၂)ရက်​​)​နေ့ နိုဝင်​ဘာလ (၁၅)ရက် ​(၁၃၇၈ခုတန်​​ဆောင်​မုန်းလပြည့်​​ကျော်​(၁)ရက်​​နေ့အထိ (၅)ရက်​တိုင်​တိုင်​ စည်ကားသိုက်​မြိုက်​စွာ ကျင်းပမည်​ဖြစ်​ပါသည်​။
ဘုရားပင့်​​ဆောင်​​ရေးအဖွဲ့မှ နှစ်​ကျိပ်​ရှစ်​ဆူဘုရားများ သီတင်းသုံး​တော်​မူ​နေ​သော ကန်​ဦး​ကျောင်းမှ (၈.၁၁.၂၀၁၆)ရက်​​နေ့ (၁၃၇၈-ခုနှစ်​တန်​​ဆောင်​မုန်းလဆန်း ၉ရက်​​နေ့ နံနက်​၌ အ​နေကဇာတင်​ပြီး မြို့လည်​သာသနာ့ ဗိမာန်​သို့ ပင့်​​ဆောင် ​ပူ​ဇော်​မည် ​ဖြစ်​ပါသည်​။
(၉၄)ကြိမ်​​မြောက်​ ဒိုက်​ဦးမြို့နယ်​ နှစ်​ကျိပ်​ရှစ်​ဆူရုပ်​ပွား​တော်​များ​ ဒေသစာရီလှည့်​လည်​ပူ​ဇော်​ပွဲကို နိုဝင်​ဘာလ (၁၅)ရက်​ ည​နေ(၃)နာရီ အချိန်​တွင်​ မြို့လည်​သာသနာ့ ဗိမာန်​​တော်​ကြီး​ ရှေ့မှ စတင်​၍ ည၉နာရီ အချိန်​ထိ မြို့တွင်းသို့​ ဒေသစာရီကြွချီလှည့်​လည်​အပူဇော်​ခံမည်​ ဖြစ်​ပါသည်​။
ယခုနှစ်​တန်​​ဆောင်​တိုင်​ပွဲ​တော်​ကို ယခင်​နှစ်​များနှင့်​ မတူဘဲ အထူးစည်​ကားစွာ ကျင်းပသွားမည်​ဖြစ်​​​​ကြောင်း ပွဲတော် ​အတွင်း​ အေးချမ်း​ပျော်​ရွှင်​စွာ ဆင်​နွဲနိုင်​​ရေးအတွက် သြဝါဒစရိယအဖွဲ့၊ ပွဲ​တော်​ကျင်းပ​ရေး ဗဟို​ကော်​မတီ၊ ဌာနနှင့်​ ရပ်​​ကွက်​ဘုရားပင့်​​ဆောင်​ပူ​ဇော်​​ရေး​ ကော်​မတီနှင့်​ လုပ်​ငန်းဆပ်​​ကော်​မတီ အသီးသီးတို့အား ဖွဲ့စည်းထားပြီး​ ဈေးဆိုင်​ခန်းများ၊ စား​သောက်​ဆိုင်​ခန်းများ၊ ဗဟိုဇာတ်​စင်​၊ စတိတ်​ရှိုးစင်​များ၊ က​လေးကစားစရာ​ နေရာများကို အမျိုးအစားအလိုက်​ ခွဲခြားသတ်​မှတ်​ပြီး စနစ်​တကျ​နေရာချထား​ပေးသွားမည်​ဖြစ်​​ကြောင်း မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူးဦးငြိမ်းထွန်း​ကျော်​​မှ​ ပြောကြားသည်​။
ယခုနှစ်​တွင်​ ယခင်​နှစ်​များနှင့်​ မတူနိုင်​ငံ​ကျော်​အဆို​တော်​များ၊ အငြိမ့်၊​ မော်​ဒယ်​ဒန်​ဆာ(ရှိုး) ​တေးသရုပ်​​ဖော်​၊ ပဒေသာကပွဲ၊ မြန်​မာ့ခြင်းလုံးခတ်​အလှပြပွဲ စတိတ်​ရှိုးအဖွဲ့များဖြင့်​ မိုးအလင်း​ ဖျော်​​ဖြေသွားမည်​ဖြစ်​​ကြောင်း သိရသည်​။
ဆက်​လက်​၍(၉၄) ကြိမ်​အ​မြောက်​တန်​​ဆောင်​တိုင်​နှစ်​ကျိပ်​ရှစ်​ဆူ ရတနတ္တယပူ​ဇော်​ပွဲ ဓမ္မသဘင်​အဖြစ်​ နိုဝင်​ဘာလ ၁၇ရက်​မှ ၂၇ထိမြို့နယ်​အတွင်းမှ တရား​ဟော ဓမ္မကထိကဆရာ​တော်​(၁၁)ပါးမှ ညစဉ်​(၇)နာရီအချိန်​မှစ၍ တရား​ရေ​အေးအမြိုက်​​ဆေးကို အလှည့်​ကျတိုက်​​ကျွေး ​ဟောကြားသွားမည်​ဖြစ်​​ကြောင်း သတင်းရရှိသည်။

မြို့နယ် ​(ပြန်​/ဆက်​)

No comments:

Post a Comment