Wednesday, November 2, 2016

ဒိုက်ဦး အမှတ်(၅) ရပ်ကွက် အ.မ.က (မူလွန်) ကျောင်းဆောင်သစ် ဖွင့်လှစ်


ဒိုက်ဦး နိုဝင်ဘာလ ၁
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်  အမှတ်(၅) သံတံတား ရပ်ကွက် အ.မ.က(မူလွန်) ကျောင်းဆောင်သစ် အား လွှတ်တော်ကိုယ်စားလှယ်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ ဆရာမများ ကျောင်း အကျိုးတော်ဆောင်များ ကျောင်းသား/ ကျောင်းသူများမှ နံနက်ပိုင်း၌ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းဆပ်ကပ်လှူ၍ ပရိတ်တရားတော်နာယူခြင်း ကျောင်းသား ကျောင်းသူများအား အာဟာရဒါန ကျွေးမွေးခြင်း ပြုလုပ်ခဲ့ပါသည်။


အဆိုပါ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်မှာ အလျားပေ (၈၀)အနံပေ (၂၄)ရှိပြီး နိုင်ငံတော်မှ အကြီးစားပြင်ဆင်မှုအတွက် ကျပ်သိန်း (၁၃၀)ကျပ် လူထုထည့်ဝင်ငွေ ကျပ်သိန်း (၅၀)ကျပ် စုစုပေါင်း ကျပ်သိန်း(၁၈၀)ကျပ်ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment