Wednesday, November 16, 2016

Bengalis return home in Buthidaung

November 16
A total of 25 Bengalis returned to Buthidaung Township yesterday after they were stranded in Bangladesh for a number of days after fleeing home due to violent attacks in Maung Taw on October 9. 

The District Immigration and Population Department helped 12 men and 13 women return in the evening. 

ပိတ်မိဘင်္ဂါလီများအား နေရပ်ပြန်ပို့
မောင်တော နိုဝင်ဘာ ၁၆
မောင်တောမြို့ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်တွင် တရားဝင်ရောက်ရှိနေသော ဘူးသီးတောင်မြို့မှ ဘင်္ဂါလီများ ပြန်မလာနိုင်ဘဲ ပိတ်မိနေရာ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
တစ်ဖက်နိုင်ငံသို့ တရားဝင်သွားရောက်သော ဘင်္ဂါလီများ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် လမ်းများ ပိတ်ထားသဖြင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီ ကျား ၁၂ ဦး၊  မ ၁၃ ဦး တို့သည် ပြန်မလာနိုင်ဘဲ ဖြစ်နေရာ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီး၍ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဘူးသီးတောင်မြို့သို့ ကားများဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment