Wednesday, November 16, 2016

မျိုးသန့် မျိုးပွားစံပြ၀ါစိုက်ခင်းကွင်းသရုပ်ပြပွဲကျင်းပ


 တောင်သာ       နိုဝင်ဘာ         ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ် မင်းတည်းကျေးရွာ တောင်သူဦးအေးဝင်း၏ ရွှေတောင်(၈) ချည်မျင်ရှည်ဝါစိုက်ကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ (၁၆) ရက်က စိုက်ခင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်း၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဖုန်းမောင်က စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

မျိုးသန့် မျိုးပွားစံပြ၀ါစိုက်ခင်းကွင်း သရုပ်ပြပွဲကို မင်းတည်းကျေးရွာ ပတ်ဝန်းကျင်မှ ၀ါစိုက်တောင်သူများ တက်ရောက်ကြပြီး ရွှေတောင်(၈)ချည်မျင်ရှည်ဝါစိုက်ခင်းအား ၀ါသိပ္ပံနည်းကျစိုက်နည်းစနစ်(၁၀)ချက်နှင့် စိုက်ပျိုးထားသော စိုက်ခင်းဖြစ်သည်။
တစ်ဧကလျှင် ၀ါပိသာချိန်(၁၀၀၀)ရရှိနိုင်ရေးအတွက် မျိုးစေ့၊ နည်းပညာ၊ စိုက်နည်းစနစ်များကို တောင်သာမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


တောင်သာ (ပြန်/ဆက်)

No comments:

Post a Comment