Wednesday, November 16, 2016

အရှေ့တောင်အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) နှင့်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး



မော်လမြိုင်          နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အရှေ့တောင်အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန့်က ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ ပြုလုပ်ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး အရှေ့တောင် အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP)မှ MD ဦးမောင်မောင်မြင့်မှ မွန်ပြည်နယ် အတွင်းရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းမရှိသေးသော ဒေသ/ကျေးရွာများသို့ (SEGEP)မှ F.O လောင်စာသုံး လျှပ်စစ်ဓါတ်အားနှင့် ရေအားလျှပ်စစ်ကို ထုတ်လုပ်ပြီး ဓါတ်အားဖြန့်ဖြူးရေးလိုင်း Transmission Line  များတည်ဆောက်၍ လျှပ်စစ်ဓါတ်အား (ထုတ်လုပ်/ဖြန့်ဖြူး/ ရောင်းချ)မည့် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည့်။
ထို့နောက် (SEGEP)ကုမ္ပဏီမှ MD ဦးမောင်မောင်မြင့်မှ လျှပ်စစ်ဓါတ်အား မရရှိသေးသော ဒေသများ၊ ကျေးရွာ များဖြစ်သည့် မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သင့်လျော် သော ဓါတ်အားခ ဈေးနှုန်းနှင့် (၂၄)နာရီ လျှပ်စစ်ဓါတ်အား ရရှိစေရန်နှင့် ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း (၂၄)နာရီပတ်လုံး လျှပ်စစ်ဓါတ်အားကို ပါဝါအပြည့် ဈေးနှုန်း သင့်လျှော်စွာဖြင့် ရရှိစေရန်နှင့် မွန်ပြည်နယ်အတွင်း တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ပေး နိုင်သည့် ငါး၊ ပုဇွန်၊ အအေးခန်းစက်ရုံများ၊ ရေခဲစက်ရုံများ၊ သစ်အချောထည်စက်ရုံများ၊ ရော်ဘာအခြေပြု စက်ရုံအ လုပ်ရုံများ၊ ဘိလပ်မြေစက်ရုံများ ပိုမိုပေါ်ထွက်လာစေရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သော လျှစ်စစ်ဓါတ် အားကို တွင်ကျယ်စွာ ဈေးနှုန်းသင့်လျှော်စွာ ထုတ်လုပ် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်နိုင်ဦး၊   လွှတ်တော် ကိုယ်စားလှယ် များ၊ (SEGEP)ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment