Monday, November 21, 2016

Military columns help Maramagyi ethnic people to return back home

November 21, 2016
Shwe Maung, 47, who is a night-watchman from Phaw Ki Taung village in Laung Ton village-tract in Maung Taw went to Maramagyi village from a agriculture camp together with his wife, Shwe May, aged-40, on 13th November. On arrival at Kha Ma (DU-315310), eight Bengalis ordered them to stop and cut them with swords causing wounds on the left nape and under the left ear of Shwe Maung. Concerning that incident, his wife opened file at the Kyein Chaung Police Station.

Due to the incident, a total of 96 people including 42 men and 54 women of 17 Maramagyi households from Phaw Ki Taung village fled temporarily to a monastery in Kyein Chaung village on November 14th.
During his trip to Rakhine State on November 18th, Deputy Commander-in-Chief of Defence Services, Commander-in-Chief (Army) Vice Senior General Soe Win went to Kyein Chaung monastery and encouraged Marama Gyi ethnic people. He also stressed the need for security of locals and presented food.

Under the security arrangement of the Deputy Commander-in-Chief, these 17 Maramagyi households resettled to their village on November 19th. Military columns brought them back to Phaw Ki Taung village by vehicles and 17 bags of rice were provided to them.
ရခိုင်ပြည်နယ် ဒေသခံ မရမာကြီးတိုင်းရင်းသားများ နေရပ်သို့ပြန်ရန် တပ်မတော်စစ်ကြောင်းများက ကူညီဆောင်ရွက်
ဘူးသီးတောင် နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းတုံကျေးရွာအုပ်စု ဖော်ကီတောင်ကျေးရွာနေရွှေမောင် (၄၇နှစ်) (ဘ)ဦးအောင်ဇော်၊ မရမာကြီး/ဗုဒ္ဓဘာသာ (ဖော်ကီတောင်စိုက်ပျိုးရေးစခန်းညစောင့်) သည် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ဖော်ကီတောင်စိုက်ပျိုးရေးစခန်းမှ ၎င်းနေထိုင်ရာ ဖော်ကီ တောင် မရမာကြီးကျေးရွာသို့ဇနီးဖြစ်သူရွှေမေ (၄၀နှစ်) (ဘ) တူယာနှင့်အတူ သွားရောက်ခဲ့ရာ ဖော်ကီတောင် ကျေးရွာအနီး ခမ(ဒီယူ- ၃၁၅၃၁၀)သို့ရောက်ရှိစဉ် ဟာမိတ်တူဆောင်းပါ ဘင်္ဂါလီ ရှစ်ဦးတို့ကလာရောက်ရပ်တန့်စေပြီး ဟာမိတ်တူဆောင်းက အသင့်ပါလာသည့် ဓားဖြင့်ခုတ်ရာ ရွှေမောင်၏ ဘယ်ဘက်လည်ကုပ်အရှည် သုံးလက်မခွဲ၊ အနက်လက်မဝက်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်နားအောက်ပိုင်းပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီးဇနီးဖြစ်သူက ကြိမ်ချောင်း ရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကိုစိုးရိမ်၍ ဖော်ကီတောင် ကျေးရွာနေ ဒေသခံ မရမာကြီး တိုင်းရင်းသားအိမ်ထောင်စု၁၇ စု၊ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၉၆ ဦးသည် နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းက နေရပ်စွန့်ခွာပြီး ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ခေတ္တတိမ်းရှောင်နေထိုင်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၏ ခရီးစဉ်အတွင်း ကြိမ်ချောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိစဉ် အဆိုပါ တိုင်းရင်း သားမရမာကြီးလူမျိုးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းရင်းသားများ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် လုံခြုံရေး ဆိုင်ရာများ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးမှုကြောင့် အဆိုပါ မရမာကြီး တိုင်းရင်းသားအိမ်ထောင်စု ၁၇ စုသည် နိုဝင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းတွင် နေရပ်သို့ ပြန်လည် အခြေချနေထိုင်ခဲ့ရာ ဖော်ကီတောင်ကျေးရွာသို့ ပြောင်းရွှေ့မှုကို တပ်မတော်စစ်ကြောင်းများက တပ်မတော်မော်တော်ယာဉ်များဖြင့်လိုက်ပါကူညီပို့ဆောင်ပေးပြီး တစ်အိမ်ထောင်လျှင် ဆန်တစ် အိတ်နှုန်းဖြင့် စုစုပေါင်းဆန် ၁၇ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(မြ၀တီ)


No comments:

Post a Comment