Wednesday, October 26, 2016

ပုသိမ်ကြီးမြို့နယ် ဘန့်တင်ကျေးရွာတွင် မြန်မာဆယ်မာအူးလ်အွန်ဒုန် (SMU) ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကျောက်ချောလမ်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ရေဖြန့်ဖြူးပေးဝေရေး၊ ရေကန်တည်ဆောက်ခြင်း၊ ရေသန့်စက် တပ်ဆင်ခြင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ


မန္တလေး အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဘန့်တင်ကျေးရွာတွင် မြန်မာဆယ်မာအူးလ်အွန်ဒုန် (SMU) ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကျောက်ချောလမ်းခင်းခြင်း၊  ရေနုတ်မြောင်းတူးဖော်ခြင်း၊ ရေဖြန့်ဖြူးပေးဝေရေး၊ ရေကန်တည်ဆောက်ခြင်း၊  ရေသန့်စက် တပ်ဆင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာတွင် ကျင်းပသည်။

ရှေးဦးစွာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဒုတိယဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးတို့က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် (SMU) ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး  ဘန့်တင်ကျေးရွာဒေသခံ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနား အပြီးတွင် ကျောက်ဆည်ဆင်အကဖြင့် ဖျော်ဖြေဧည့်ခံဖျော်ဖြေခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး၊ ဦးသောင်းဌေးလင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေး အသင်း အဖွဲ့များ၊(SMU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ KOICA မှ တာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဇာနည်ကိုကို (ပုသိမ်ကြီး-ပြန်/ဆက်)

No comments:

Post a Comment