Wednesday, October 26, 2016

ဟင်္သာတခရိုင်၌ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညိုနိုင်းဆွေးနွေးပွဲကျင်းပ


ဟင်္သာတ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့(ပထမအကြိမ်) လုပ်ငန်းညိုနိုင်း ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အတွင်းရေးမှူး၊ ခရိုင်စားသုံး သူရေးရာဦးစီးမှူး ဦးကြည်ဟန်က စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အတွင်းရေးမှူး၊ ခရိုင်စားသုံးသူရေးရာ ဦးစီးမှူး ဦးကြည်ဟန်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ လေးမျက်နှာ၊ ဇလွန်၊ အင်္ဂပူမြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာ ဦးစီးမှူးများ တက်ရောက်ခဲ့ပြီး ခရိုင်စားသုံးသူ အငြင်းပွား မှုဖြေရှင်းရေး အဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူးများက အစားအစာ၊ ဆေးဝါးများ ထုတ်လုပ် ရောင်းချ ခြင်းနှင့် ပတ်သက်သည့် သိရှိလိုသည့်အချက်များကို မေးမြန်းရာ ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)

No comments:

Post a Comment