Monday, October 10, 2016

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ထိုင်းနိုင်ငံအခြေစိုက် Recycle Engineering Co., Ltd. မှ Technical Director, Mr. Thomas Volker Sack ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၀
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ထိုင်းနိုင်ငံအခြေစိုက် Recycle Engineering Co., Ltd. မှ Technical Director, Mr. Thomas Volker Sack ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ ယနေ့နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် Recycle Engineering Co., Ltd. မှ ထိုင်းနိုင်ငံတွင် Chemical Waste Treatment လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်း၍ စက်မှုလုပ်ငန်းသုံး နှင့် ဆေးရုံသုံးစွန့်ပစ်ဓါတုပစ္စည်းများအား ပြန်လည်သန့်စင်ပေးမည့် Hazardous Chemical Treatment Plant တည်ဆောက်နိုင်ရေး၊ ဂျာမနီနိုင်ငံအစိုးရ၏ အကူအညီဖြင့် Chemical Waste Treatment ဆိုင်ရာ Training Center များ ဖွင့်လှစ်ပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဓါတုပစ္စည်းများနှင့် ပတ်သက်သော အသိပညာ ပြန့်ပွားရေးအတွက် Awareness Training များပေးနိုင်ရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်။

No comments:

Post a Comment