Monday, October 10, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အမေရိကန်နိုင်ငံ၊ ဟိုနိုလူလူမြို့တွင် (၂၉-၉-၂၀၁၆) ရက်နေ့မှ (၁-၁၀-၂၀၁၆) ရက်နေ့အထိ
ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၃-၁၀-၂၀၁၆) ရက်နေ့မှ (၇-၁၀-၂၀၁၆) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပသည့် (၆၇) ကြိမ်မြောက်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးအား တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၂ နာရီတွင် ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment