Monday, October 10, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ နော်ဝေနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများပေးအပ်


နေပြည်တော် အောက်တိုဘာ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော


မစ္စတူနယ် တီးနပ်(စ်)သည် ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ရုရှားဖက်ဒရှေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ နီကိုလိုင်း လစ်တိုပါဒေါ့ပ်သည် ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဗစ်ခရမ်မစ်ဆရီသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment