Friday, October 28, 2016

သာဝတ္ထိကျေးရွာတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရှိ ဌာန(၁၀)ခုမှ တာဝန်ခံဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက သာဝတ္ထိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် သာဝတ္ထိကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူ (၄၀၀)ကျော်တို့အား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော် နှင့် တာဝန်ရှိသူများက သွားရောက်ကြည်ရူ အားပေးခဲကြသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment