Friday, October 28, 2016

ဒုတိယအကြိမ်မြောက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

နေပြည်တော် အောက်တိုဘာ ၂၈
နေပြည်တော် ဥတ္တရခရိုင်ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းကျေးရွာအုပ်စု ရွေတွင်းကုန်းကျေးရွာ၌ ဒုတိယအကြိမ် မြစိမ်းရောင်ရန်ပုံငွေ ထုတ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်မြင့်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၇)ဦးအတွက် (၃၂)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁၂၀)ဦးအတွက် (၂၃၅)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၁၁)ဦး အတွက် (၂၉)သိန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၅)ဦးအတွက် (၄၈)သိန်း စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ (၁၅၃)အတွက် ချေးငွေ (၃၄၄) သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ဥတ္တရခရိုင်ပြန်/ဆက်

No comments:

Post a Comment