Friday, October 7, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Myanmar e-Government ဆွေးနွေးပွဲနှင့် ICT ပြပွဲ ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ဖွင့်လှစ်


နေပြည်တော်  အောက်တိုဘာ ၇
Myanmar e - Government ဆွေးနွေးပွဲနှင့် ICT ပြပွဲ (နေပြည်တော်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ဖွင့်လှစ်သည်။


Myanmar e-Government ဆွေးနွေးပွဲနှင့် ICT ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက် ၍ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ယနေ့ကျင်းပပြုလုပ်သည့်ပွဲတွင် e-Government Solution များ၊ ICT နည်းပညာများကို တစ်စုတစ်စည်းတည်း ပြသထားသည့်အတွက် e-Government အကောင်အထည် ဖော်ဆောင်ရာတွင် လိုအပ် သည့် နည်းပညာများ၊ ဗဟုသုတများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် e-Government Field တွင် လက်တွေ့ပါဝင်လုပ်ကိုင်နေကြသည့် ၀န်ကြီးဌာနများက CIO များ အချင်း ချင်း အတွေ့အကြုံများ ဖလှယ်နိုင်ပြီး Idea အသစ်များနှင့် Solution အသစ်များကို လေ့လာသိရှိနိုင်မည့် ပွဲတစ်ပွဲဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် ICT ဆိုင်ရာ ဥပဒေများနှင့် မူဝါဒရေးဆွဲရာတွင် အကြံပေး ဆောင်ရွက်ခြင်း၊ e-Government ဖြစ်ထွန်း အောင်မြင်စေရေးအတွက် အစိုးရဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ အား အကြံပေးခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကွန်ပျူတာ ပညာ တိုးတက်ပြန့်ပွားစေရေးအတွက် ICT ဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ ITPEC ဟုခေါ် သည့် နိုင်ငံ(၈) နိုင်ငံ အသိအမှတ်ပြု IT နည်းပညာဆိုင်ရာ စာမေးပွဲများ ကျင်းပပေးခြင်း၊ ကျေးလက်နေပြည်သူများ ICT ကို ကျယ်ကျယ် ပြန့်ပြန့် သိရှိသုံးစွဲခွင့် ရရှိလာစေရေး အတွက် e-Village စီမံကိန်းများ အကာင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ICT Park များ ဖြစ်ပေါ် လာစေရန်ဆောင်ရွက်ခြင်းနှင့် e-Government အကောင် အထည်ဖော် ဆောင် ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် ကွန်ပျူတာသုံး မြန်မာစာ Unicode စံစနစ်ကို မြန်မာ စာအဖွဲ့မှ ပညာရှင်များ၊ IT ပညာရှင်များနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ ပူးပေါင်းကျင်းပသည့် "e-Government Conference and ICT Exhibition Nay Pyi Taw 2016" ဖွင့်ပွဲ အခမ်းအနားသည် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ချက်အနက် (၁)ချက်ဖြစ်သော Digital Government Strategy နှင့် e-Government စနစ်များ ထူထောင်ရန်ဆိုသည့် အချက်အား အကောင်အထည်ဖော်ဆောင်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ကြိုးပမ်းသည့်နေရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း။
အစိုးရနှင့်ပြည်သူတွေကြား ဆက်သွယ်ဆောင်ရွက်မှုနည်းလမ်းများ၊ အစိုးရဌာန အချင်းချင်း ဆက်သွယ်ဆောင် ရွက်မှုများကို လွယ်ကူလျင်မြန်လာစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ ပြောင်းလဲဆန်းသစ် ရန်နှင့် အနာဂတ်တွင်တိုးတက်မှုရရှိရန် မျှော်မှန်းပြီး ယခုပြပွဲအား ပြုလုပ်ခြင်းဖြစ် ကြောင်း။
မြို့ကြီးများနှင့် ကျေးလက်ဒေသများတွင် ကွာဟနေသည့် Digital Divide ကို လျှော့ချနိုင်ရန် သက်သာ သည့်ဈေးနှုန်းနှင့် အင်တာနက်သုံးစွဲခွင့်ရရှိနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ပြည်တွင်း အင်တာနက် အော်ပရေတာ များ၊ Alliance for Affortable Internet (A4AI)ကဲ့သို့ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်းနှင့် ဝေးလံခေါင်ဖျားဒေသ များအထိ တယ်လီဖုန်းဆက်သွယ်မှုများ ရရှိနိုင်ရန် ဆက်လက်ကြိုးပမ်းသွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ e-Government လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနအောက်တွင် e-Government Department ကိုလည်း ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ၏စီးပွားရေးတွင် Government Sector က အနည်းဆုံး သုံးပုံတစ်ပုံ ပါဝင်နေပါကြောင်း၊ အစိုးရဌာ နများ၏ ၀န်ဆောင်မှုများကို Digital ၀န်ဆောင်မှုများ အဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ ၀န်ဆောင်မှု ရရှိနိုင်ရန် ပြည်သူများမှ အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းဖြင့် အစိုးရနှင့်ဆက်သွယ် ဆောင်ရွက်သည့် ကိစ္စများတွင် အချိန်ကုန် သက်သာရုံမက နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးတစ်ခုလုံး ထိရောက်လျင်မြန် တိုးတက် လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ Myanmar e-Government ဆွေးနွေးပွဲနှင့် ICT ပြပွဲ(နေပြည်တော်) ဖွင့်ပွဲ အခမ်းအနားကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ဌာနအသီးသီးမှ CIO များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိ သူများ၊ Sponsor Company များမှ တာဝန်ရှိသူများ၊ Exhibitor များနှင့်အတူ အမှတ် တရ ဓာတ်ပုံရိုက်ကူးပြီး မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်းပြသ ထားသည့် ICT ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာ အားပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ICT နှင့်ပတ်သက်သည့် စာတမ်းများကို ပညာရှင်များက ဖတ်ကြားတင်သွင်း အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။
Myanmar e-Government ဆွေးနွေးပွဲနှင့် ICT ပြပွဲကို (၂)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး စာတမ်းများ ဖတ်ကြားတင်သွင်ခြင်း၊ ပညာရှင်များနှီးနှောဖလှယ်ခြင်း၊ ပြည်တွင်း ပြည်ပမှ နည်းပညာများ၊ နိုင်ငံတကာမှ e-Government ဆိုင်ရာအတွေ့အကြုံကို ဆွေးနွေးဖလှယ်ခြင်းတို့ဆောင် ရွက်မည်ဖြစ်သည်။ ICT ပြပွဲတွင်လည်း ပြည်တွင်းပြည်ပ ကုမ္ပဏီ(၃၆)ခုမှ e-Government နှင့်ဆိုင်သည့် Solution များ၊ Product များနှင့် နည်းပညာများကို ပြသသွားမည်ဖြစ်သည်။

 (သတင်းစဉ်)

No comments:

Post a Comment