Thursday, October 6, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ သွားရောက် တာဝန် ထမ်းဆောင်မည့် သံအမတ်ကြီးများအား တွေ့ဆုံလမ်းညွှန်


နေပြည်တော် အောက်တိုဘာ ၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အော်တဝါမြို့၊ နယူးဒေလီမြို့၊ ပရီတိုးရီးယားမြို့များရှိ မြန်မာသံရုံးများ၌ မြန်မာသံအမတ်ကြီးများအဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ အိန္ဒိယသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေနှင့် တောင်အာဖရိက သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်ဆွေတို့အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သမ္မတ ရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။

No comments:

Post a Comment