Friday, October 28, 2016

Mandalay Regional Civil Society Organizations Network Coordination Forum including Government Department and Parliament ဆွေးနွေးပွဲကျင်းပ

မန္တလေး အောက်တိုဘာ ၂၇
Mandalay Regional Civil Society Organizations Network Coordination Forum including Government Department and Parliament ဆွေးနွေးပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Hotel Mandalay ၌ အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ UNDP မှ ဦးအောင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး MRCN မှ ဦးမြင့်ထွန်း မှ ဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များ အကြောင်းကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ''တိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှု နည်းလမ်း များ''၊ ''မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသရေးနှင့်ပြန်လည်ထူထောင်ရေး''၊ ''လူမှုဝန်ထမ်းလုပ်ငန်းစဉ် များနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး''၊ ''လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း''၊ ''ဒေသခံ လူ့အသိုင်းအ၀ိုင်း၏ သဘာဝပတ်ဝန်းကျင်နှင့် သံယဇာတ စီမံခန့်ခွဲမှုအကြောင်း''၊ ''၂၀၁၄ သန်းခေါင်စာရင်း ထုတ်ပြန်ကြေငြာမှုအကြောင်း''၊ ''အသစ်ထုတ်ပြန်ထားသော ဥပဒေများအကြောင်းနှင့် အလုပ်သမားပြဿနာ (စက်ရုံ၊ အလုပ်ရုံ၊ ကလေးအလုပ်သမားဥပဒေ)''၊ ''မြန်မာနိုင်ငံ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အအကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မှုအကြောင်း'' ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ MRCN မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲမှာ အောက်တိုဘာ ၂၇ ရက် မှ အောက်တိုဘာ ၂၈ ရက် ထိ (၂) ရက်ကြာဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment