Friday, October 28, 2016

ပျောက်ဆုံး နဝမတန်းကျောင်းသူ(၃)ဦးအား မိဘများထံအပ်နှံပေး

ကျိုက်ထို အောက်တိုဘာ ၂၇
ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာတွင် နေထိုင်သည့် ဒေါ်သီတာမိုး (၃၉)နှစ် (ဘ) ဦးတင်မောင်သည် အောက်တိုဘာ ၂၇ရက်နေ့ ညနေ၂ နာရီတွင် ကျိုက်ထိုမြို့မရဲစခန်းသို့ လာရောက်ပြီး အောက်တိုဘာ၂၆ရက် ကျောင်းဆင်းချိန်တွင် မိမိ၏ သမီးဖြစ်သူ မရွှေရည်ထွန်း (၁၅) နှစ် (ဘ)ဦးဇော်ထွန်း နဝမတန်းမှာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရာမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့်
အတန်းဖော်များအား မေးမြန်းကြည့်ရာ သမီးဖြစ်သူနှင့် အတူကျောင်းသူများဖြစ်သည့် မဝိုင်းငယ်ငယ်(၁၅)နှစ် (ဘ) ဦးသန်းထွန်း မမျိုးမျိုးဌေး (၁၅)နှစ် (ဘ) ဦးဌေးနိုင်တို့ (၃)ဦးမှာ နေ့ခင်းပိုင်းကတည်းက ကျောင်းတက်ရောက်ခြင်း မရှိကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ အိမ်နီးချင်းတစ်ဦးမှ တစ်ရွာတည်းနေ မိကေဆိုသူမှ ခေါ်ဆောင်သွားကြောင်း ပြောကြားချက်အရ လာရောက်တိုင်တန်းခဲ့သည့် အတွက် ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့်လှစ်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းဦး လမ်းညွှန်မှုဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးသံမရောင်းနှင့် တပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်သွားသူနှင့် ပျောက်ဆုံး ကျောင်းသူများကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်တွေ့ရှိရန် ဆောင်ရွက်ခဲ့သည်။
ပျောက်ဆုံးနေသူများ စီးနင်းလိုက်ပါလာသည့် ယာဉ်အား စုံစမ်းသိရှိရ၍ အောက်တိုဘာ ၂၇ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာအရောက်၌ ပြန်လည်တွေ့ရှိ၍ ခေါ်ဆောင်လာပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းဦး ဦးစီး၍ ပျောက်ဆုံးကျောင်းသူများ၏ မိခင်ဖြစ်သောဒေါ်သီတာမိုး ဒေါ်ခင်မာဦး ဒေါ်မိုးသူနှင့် အတန်းပိုင် ဆရာမများဖြစ်သော ဒေါ်ယဉ်မင်းမြတ်ဒေါ်မြင့်အေး ဒေါ်ခင်ဥမ္မာညွှန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မျိုးထွဋ် ရာအိမ်မှူးဦးတင်ထွန်းတို့ ထံသို့ ပြောဆိုဆုံးမပြီး ပြန်လည်အပ်နှံ၍ သွေးဆောင်ခေါ်ယူသွားသူ မကေခိုင်စိုး(ခ) မိကေ(၁၆)နှစ်(ဘ)ဦးစိုးသောင်းအား (ပ)၄၂၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ၃၆၃ ဖြင့်အမှုဖွင့်လှစ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment