Wednesday, October 5, 2016

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား ဂျပန်နိုင်ငံ Keidanren Committee on Nature Conservation (KCNC) Chairman Mr. Masaya Futamiya နှင့်အဖွဲ့ တွေ့ဆုံဆွေးနွေး


နေပြည်တော် အောက်တိုဘာ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ဂျပန်နိုင်ငံ Keidanren Committee on Nature Conservation (KCNC) Chairman Mr. Masaya Futamiya နှင့်အဖွဲ့ က ယနေ့နေ့လယ် ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံ Keidanren Committee on Nature Conservation (KCNC) မှ ကမ္ဘာတစ်ဝန်းဆောင်ရွက်လျက်ရှိသည့် သဘာဝ အရင်းအမြစ် စီမံအုပ်ချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးသည့်လုပ်ငန်းကိစ္စ၊ မိုးယွန်းကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ ဆောင်ရွက်လျက်ရှိသည့် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်ချက်တို့ကို လေ့လာတွေ့ရှိမှု၊ ဂျပန်နိုင်ငံ ရမ်ဆာဌာန(Ramsar Centre Japan)၊ ဂျပန်တောရိုင်းငှက်အဖွဲ့ (Wild Bird Society of Japan) တို့နှင့် ရေဝပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အမျိုးသားအဆင့် ရေဝပ်ဒေသ ဆိုင်ရာ မူဝါဒ ရေးဆွဲရာတွင် အထောက်အကူပြုမှု အခြေအနေကိစ္စ၊ ဂျပန်နိုင်ငံအစိုးရ၊ တက္ကသိုလ်များ၊ ဥယျာဉ်၊ ပြတိုက်အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောထိန်းသိမ်းခြင်း၊ မြန်မာ နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း၊ REDD+ ဆိုင်ရာ လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပင်မျိုး စိတ်များ စာရင်းကောက်ယူခြင်း၊ အပင်နှင့်အင်းဆက်မျိုးစိတ်ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းကိစ္စ၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှ စ၍ (၁၀) နှစ်ကြာ ဆောင်ရွက်မည့် သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးစီမံချက်အရ တစ်နှစ်လျှင် သစ်တောစိုက်ခင်း ဧက ၃၀၀၀၀ စိုက်ပျိုး နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment