Friday, October 21, 2016

Institute of International Education(IIE)နှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ Special Meeting ကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၁
Institute of International Education(IIE)နှင့် အဆင့်‌မြင့်ပညာဦးစီးဌာန တို့ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များသည် ပညာ‌ရေး ဝန်ကြီးဌာန၌ အောက်တိုဘာ ၂ဝ ရက် နံနက် ၉
နာရီတွင် ကျင်းပသော တက္ကသိုလ်များတွင် စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် Special Meeting သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာ ကဏ္ဍတွင် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေး ဆောင်ရွက် နေပါကြောင်း၊ အဆင့်ပညာ ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသည် အရေးပါ ကြောင်း၊ တက္ကသိုလ် ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်၍ အရည်အသွေးမြင့်မားရေး ကြိုးပမ်း စီစဉ်လုပ်ဆောင် နေပါကြောင်း၊ နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသန ဂျာနယ်ဆိုင်ရာများ စသည်တို့တွင်ပူးပေါင်း ဆောင်ရွက်ရန်နှင့် အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် IIE မှပညာရှင်များဖြစ်ကြသော Ms.Clare Banks, Ms.Joanna Regulska, Mr.Ken Holland တို့နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ပါမောက္ခ ချုပ်များနှင့် တာဝန်ရှိသူ များတို့က Overview of IIE Activities in Myanmar, Internationalization in Myanmar, Knowledge sharing in International Education, Introducing the Myanmar International Higher Education Association စသည်တို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment