Friday, October 21, 2016

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အီတလီနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော်၊  အောက်တိုဘာ (၂၁)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံ ဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio ALIBERTI မှယနေ့နံနက် ၉နာရီခွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံတို့အကြား ချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း(SOEs)များအား အဆင့်မြှင့်တင်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေး၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများနှင့် အကြီးစားစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment