Friday, October 21, 2016

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဂျပန် သံအမတ်ကြီးအား တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ (၂၁) ရက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Tateshi HIGUCHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လယ် ၃ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အကူအညီ အထောက်အပံ့များ ပေးနိုင်မည့် အစီအစဉ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် အဆင့်မြင့်အရာထမ်းများကို သင်တန်းပေးမည့် အစီအစဉ်များ၊ ပညာသင်ဆု ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ လတ်တလော ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy) ဖွင့်လှစ်ရေး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပညာဌာန (၇) ခုတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ Training of Trainers (TOT) သင်တန်းများ ဖွင့်လှစ် ပို့ချပေးနိုင်ရေးနှင့် ဂျပန် နိုင်ငံတွင် ဖွင့်လှစ် ပို့ချမည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်းများတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ သင်တန်းသားများ စေလွှတ်နိုင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍  ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment