Friday, October 28, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ ၂၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၃  နာရီခွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ပြုလုပ် သည်။


အခမ်းအနားတွင် Helen Keller International Europe ဥက္ကဋ္ဌ Dr. Howard Cohn မှ အမှာစကား ပြောကြားပြီး နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ကို ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များတွင် ထူးချွန်စွာ အာရုံစူးစိုက် နှစ်မြှုပ် ဆောင်ရွက်သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် Helen Keller International Europe က အဆိုပါ  Helen Keller International Humanitarian Award 2016 ကို ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတို့မှ တာဝန် ရှိသူများ၊ Helen Keller International Europe ဥက္ကဋ္ဌ Dr. Howard Cohn ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment