Friday, October 28, 2016

မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးအသုံးပြုသော ဈေးဆိုင်များ စစ်ဆေး


ခင်ဦး အောက်တိုဘာ ၂၈
ပွင့်လင်းခြောက်သွေ့သောရာသီ ရောက်ရှိလာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မဈေး မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးအသုံးပြုသော ဈေးဆိုင်များကို အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီက မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမျိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၊ မြို့နယ် မီးသတ်ဦးစီးမှူး ကျော်စိုးပိုင်၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး စည်းကမ်းထိန်းတို့က ကြည့်ရှု့ စစ်ဆေးခဲ့သည်။

အဆိုပါအဖွဲ့သည် မြို့မဈေးရှိ မီးသတ်ရေစင်၊ မြေအောက်ရေကန်များ ရေသိုလှောင် ထားရှိမှုကိုလည်းကောင်း၊ မီးသတ်ရေငုတ်တိုင်များ ကောင်းမွန်မှု ရှိ၊ မရှိ လက်တွေ့သရုပ်ပြသမှုကို လည်းကောင်း၊ ဈေးအတွင်း သွယ်တန်းထားသော လျှပ်စစ်ကြိုးများ ကောင်မွန်မှု ရှိ၊ မရှိကိုလည်းကောင်း၊ ဈေးအတွင်းရှိ မီးသွေးမီးဖိုအသုံးပြုသော ရွှေပန်းတိမ်ဆိုင်များ၊ စက်ချုပ်ဆိုင်များတွင် မီးကိုစနစ်တကျသုံးစွဲမှု ရှိ၊ မရှိ တို့ကိုလည်းကောင်း စစ်ဆေးခဲ့ပြီး လိုအပ်ချက်များရှိသော ဈေးဆိုင်များကို စနစ်တကျသုံးစွဲထားရှိရန် တာဝန်ရှိသူများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဦးစိုးဝေ

No comments:

Post a Comment