Wednesday, October 12, 2016

ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး H.E. Mr. Jean Asselborn အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၂


ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး H.E. Mr. Jean Asselborn အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ


အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment