Wednesday, October 12, 2016

ပြည်ထောင်စုရှေ့နေချုပ်က Allen & Gledhill Law Firm မှ မန်နေဂျင်း ဒါရိုက်တာ ဦးမင်းနိုင်ဦးအား တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Allen & Gledhill Law Firm မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းနိုင်ဦး ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက်၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။



ဆွေးနွေးစဉ် ပြည်ထောင်စုရှေ့နေချုပ်က တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အပါအဝင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဦးစားပေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်း ပြောကြားပြီးနောက် ဘာသာရပ်ဆိုင်ရာအလိုက် အထူး ကျွမ်းကျင်သည့် ဥပဒေအရာရှိများ ဖြစ်လာစေရန် လိုအပ်သည့် သင်တန်းများ ပို့ချပေးနိုင်ရေး၊ ဥပဒေ သတင်းအချက်အလက်ဌာန တစ်ခု တည်ထောင်နိုင်ရေး၊ ဥပဒေဘာသာပြန် လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရေး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment