Wednesday, October 12, 2016

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကာတာနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ


နေပြည်တော်  အောက်တိုဘာ ၁၂

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ကာတာနိုင်ငံ သံအမတ်ကြီး Mr. Hassan Bin Iohammed Rafei-AL-Emadi သည် ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံသည်။



တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ကာတာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရေး စသည့်ကိစ္စ ရပ်များနှင့် စက်မှုဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment