Thursday, October 13, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး H. E. Mr. Jean ASSELBORN နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီး H. E. Mr. Jean ASSELBORN နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူဇင်ဘတ်နိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီ ပေးနေမှုများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment