Thursday, October 13, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အီဂျစ်နိုင်ငံတို့မှ သံအမတ်ကြီးများ ခန့်အပ်လွှာ ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော မစ္စလုသွီဇွန်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊


ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဆော့ချီသည် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ အီဂျစ်အာရပ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ခါလဒ်မိုဟာမက် အဗ္ဗ ဒဲလ်ရာမန် အဗ္ဗဒဲလ်ဆာလမ်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။


အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်မှုများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment