Friday, October 28, 2016

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူမည့် နေ့ရက်များနှင့် မဲစာရင်းကပ်ထားကြေညာမည့် နေ့ရက်များအား အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူမည့် နေ့ရက်များနှင့် မဲစာရင်းကပ်ထားကြေညာမည့် နေ့ရက်များအား အသိပေးကြေညာခြင်း
နေပြည်တော် အောက်တိုဘာ ၂၈
၁။         ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းအား ပြည့်စုံ မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို ၁.၁၁.၂၀၁၆ ရက်နေ့ မှ ၃၀.၁၁.၂၀၁၆ ရက်နေ့ အထိ ၂၀၁၅ ခုနှစ် မဲစာရင်းအား အခြေခံ၍ ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


၂။         အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၁.၂.၂၀၁၇ ရက်နေ့ မှ ၁၄.၂.၂၀၁၇ ရက်နေ့ အထိ ကပ်ထားကြေညာ ပေးသွားမည် ဖြစ်ပါသည်။

၃။         သို့ဖြစ်ပါ၍ မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ် မဲဆန္ဒနယ်များရှိ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနေဖြင့် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းနှင့် မဲစာရင်းကပ်ထားကြေညာသည့် အချိန်တွင် မဲစာရင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအသိပေး ကြေညာအပ်ပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

No comments:

Post a Comment