Wednesday, October 26, 2016

ပွင့်လင်းရာသီရောက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  -  အောက်တိုဘာ ၂၆
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံး အနေဖြင့် ဇဗ္ဗူသီရိမြို့သန့်ရှင်း သာယာလှပရေးအတွက် ကွန်ကရစ်ရေမြောင်းများတူဖော်ခြင်းနှင့် လမ်းမီးများ ပြန်လည်အသစ်လဲလှယ်ခြင်းများနှင့် အခြားထင်းရှားသည့် နေရာများကို ယနေ့မှ စတင်ကာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ၀န်ထမ်းများသည် မြို့သန့်ရှင်းသာယာလှပရေး အတွက်ဆောင်ရွက်ရန် လျာထားသော ရပ်ကွက်အတွင်းရှိ ကွန်ကရစ်ရေမြောင်းများ၊ ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းများ နေထိုင်ရာ သဇင်လူပျို၊ အပျိုဆောင်များနှင့် သပြေလူပျို၊ အပျိုဆောင်များ၏ လမ်းဘေးဝဲ/ယာ ကွန်ကရစ်မြောင်းများ၊ အဆောင်ပတ်လည် ရေမြောင်းများ၊ သပြေကုန်းရပ်ကွက်(ပေ-၁၀၀xပေ-၁၀၀)အထူးမြေကွက်အတွင်းရှိ ကွန်ကရစ်ရေမြောင်းများအား ပြန်လည်တူးဖော်ခြင်း၊ မီးချောင်းနှင့်ချုပ်များ အစားထိုး လဲလှယ်ခြင်းနှင့် သိဒ္ဓိ(၉)ရပ်ကွက် အတွင်းရှိ ရပ်ကွက်ဆိုင်းဘုတ်ကြီး(၁၅)ခု စသည်တို့ကို သန့်ရှင်းရေး လုပ်ငန်းများ၊ ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လာမည့် နိုဝင်ဘာလတွင် လည်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဖြစ်သည့် မင်္ဂလာရပ်ကွက် အတွင်း မင်္ဂလာကန်(၂)ကန်အား ကျောက်စီမြေထိန်းနံရံ ပေါ်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် ရေကန်အတွင်း ရေမှော်နှင့် အမှိုက်များ ဆယ်ယူခြင်း၊ လမ်းဘေး ၀ဲ/ယာ ကပ်တုံးများ ဆေးသုတ်ခြင်းနှင့် အခြားသာယာလှပရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment