Wednesday, October 26, 2016

တောထဲ ထင်း သယ်ဆောင်ရန် သွားရာမှ လူတစ်ဦး ဆွဲကြိုးချသေဆုံး

ဘားအံ အောက်တိုဘာ  ၂၆  
ကရင်ပြည်နယ် ဘားအံမြို့နယ် ဗျက္ခကျေးရွာအုပ်စု နောင်မဘုံကျေးရွာတွင် တောထဲထင်းသယ်ဆောင်ရန် သွားရာမှ  အောက်တိုဘာ ( ၂၆ ) ရက် နံနက် () နာရီက လူတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်အား  ဗျက္ခကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောကျော်အေးဆေး မှ ဖုန်းဆက်သတင်းပေး ချက်အရ သတင်းရရှိသဖြင့် အိန္ဒု နယ်မြေ ရဲစခန်းမှ ရဲအုပ် ဇော်နိုင်အောင် ဦးဆောင်သော အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူး သက်သေများနှင့် သွား
ရောက်ကြည့်ရှု စစ်ဆေးရာ နောင်မဘုံ ကျေးရွာ၏ အရှေ့မြောက်ဘက် () ဖာလုံ အကွာခန့် တောထဲ အမြင့် ၃၀ ပေခန့်ရှိ ရေသဖန်း ပင်တွင် စောအရိုး ( ၂၈ ) နှစ်သည် ၄င်းဝတ်ဆင်သည့် ကရင်ပုဆိုးအား နိုင်လုံကြိုးနှင့် ဆက်ချည်ပြီး ဆွဲကြိုးချသေဆုံးနေကြောင်း သိရသည်။ေ သဆုံးသူ စောအရိုး၏ ဖခင် ဦးအပွိုင့် ( ၆၇ ) နှစ်က တောထဲခုတ်ထားသည့် ထင်းတွေကို (၂၅) ရက်ညနေပိုင်းက သွားရောက်  သယ်ခိုင်းလိုက် တာ မိုးတော်တော် ချုပ်တဲ့အထိ ပြန်မရောက်လာလို့ သွားရောက်ရှာဖွေရာမှ အခုလို ဆွဲကြိုးချသေဆုံးနေတာ တွေ့လို ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခြင်းဖြစ်ကြောင်းပြောကြားသည်။
သေဆုံးသူသည် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ ရဲဆေးစာဖြင့် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်အိန္ဒု နယ်မြေရဲစခန်းမှသေမှု သေခင်း အမှတ်စဉ် ( / ၂၀၁၆) ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင် ( ပြန် / ဆက် )

No comments:

Post a Comment